Our Factory

lmfactory 2

လင်းရာမအီလက်ထရောနစ် ထုတ်လုပ်ရေးစက်ရုံသည်(၁၉၉၉) ခုနှစ်မှ စတင်၍ UPS, Inverter, Voltage Transformer, Safeguard နှင့် Battery Charger အစရှိသည့်အိမ်သုံးစက်ရုံသုံး လျှပ်စစ်ပစ္စည်းများအားထုတ်လုပ်ဖြန်.ချီခဲ့ပါသည်။

အသိပညာ၊ အတတ်ပညာနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော လုပ်သားများအားမွေးထုတ်၍ ပြည်ပသွင်းကုန်အစားထိုး အီလက်ထရောနစ်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံစွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍကို တစ်ဖက်တစ်လမ်းမှမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

အီလက်ထရောနစ် အတတ်ပညာရှင် လူငယ်များအား မိမိ၏အတတ်ပညာကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေရန်။

အီလက်ထရောနစ် အတတ်ပညာဖြင့် ရင်းနှီး၍ မြန်မာလူငယ်များ၏ စားဝတ်နေရေး အသိပညာအတတ်ပညာနှင့် အလုပ်အကိုင်ပေးနိုင်ရေးတို့ကို တစ်ဘက်တစ်လမ်းမှ ဖြည့်ဆည်းပေးရန်။

လင်းရာမအီလက်ထရောနစ်ပစ္စည်းများသည် နည်းပညာမြင့်မား၍ နိုင်ငံခြားပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်သော ပြည်ပသွင်းကုန် အစားထိုးပစ္စည်း အဖြစ်ထုတ်လုပ်၍ လူထုအပေါ် အကျိုးပြုရန်။ ခေတ်မီတိုးတက်သော အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်ရေးစက်ရုံအဖြစ်တည်ဆောက်၍ နိုင်ငံတော်၏ဂုဏ်ကို လင်းရာမ အီလက်ထရောနစ် အမည်ဖြင့် ထမ်းရွက်သည်ပိုးရန်။

 

Copyright © 2012 Linyama Electronic Co., Ltd . All rights reserved. Powered by : Inforithm-Maze